Our Leadership

Committed to planting churches, equipping leaders, and bringing hope to the unreached.

Ngeng Chhuana – Ministry Biography

Ngeng Chhuana သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ခရစ်ယာန်ခေါင်းဆောင်များကို ပြုစုပျိုးထောင်ခြင်းနှင့် အလုပ်အကျွေးပြုခြင်းလုပ်ငန်းများတွင် နှစ်ပေါင်း ၂၅ ကျော် အတွေ့အကြုံရှိသည့် အမှုတော်ဆောင်၊ အသင်းတော်သစ်တည်ထောင်ခြင်းဆိုင်ရာ နည်းပြနှင့် ခေါင်းဆောင်မှုဖွံ့ဖြိုးရေး လုပ်ဆောင်နေသူတစ်ဦး ဖြစ်သည်။
၁၉၈၉ ခုနှစ်တွင် ဘဝကို ပြောင်းလဲစေခဲ့သော ဝိညာဉ်ရေးရာ နိုးထမှုကို ခံစားခဲ့ရပြီးနောက် Chhuana သည် ဓမ္မပညာရပ်များကို တစိုက်မတ်မတ် လေ့လာဆည်းပူးခဲ့ပြီး ဓမ္မပညာဘွဲ့ နှင့် မဟာဘွဲ့ တို့ကို ရရှိခဲ့သည်။ ခေါင်းဆောင်မှုဖွံ့ဖြိုးရေးအပေါ် ထားရှိသော သူ၏ စိတ်အားထက်သန်မှုကြောင့် ၂၀၀၀ ပြည့်နှစ်တွင် အချိန်ပြည့် အမှုတော်မြတ်အတွင်းသို့ စတင်ဝင်ရောက်ခဲ့သည်။ ထိုနှစ်တွင်ပင် ဇနီးဖြစ်သူ Cing Za Lun (သို့မဟုတ် Lunpi) နှင့် လက်ထပ်ခဲ့သည်။ ၎င်းတို့ဇနီးမောင်နှံသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၂ ခုနှစ်အထိ Foundations for Christian Leadership (FCL) ၏ ဦးဆောင်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ အသင်းတော် ခေါင်းဆောင်သစ်များကို ခွန်အားပေးခြင်းနှင့် ပြုစုပျိုးထောင်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည်။
Chhuana ကို Evangelical Free Church of Myanmar (EFCM) မှ သိက္ခာတော်ရဆရာအဖြစ် ခန့်အပ်ခဲ့ပြီး ၂၀၀၂ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ရန်ကုန်မြို့ Evangelical Free Church ၏ သင်းအုပ်ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ Free Gospel Outreach Bible College တွင် ကျောင်းသားရေးရာဌာနမှူးအဖြစ် တာဝန်ယူကာ နောင်လာမည့် သင်းအုပ်ဆရာများနှင့် ဓမ္မအမှုတော်ဆောင်များ၏ ဝိညာဉ်ရေးရာနှင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာတွင် နက်နက်ရှိုင်းရှိုင်း ရင်းနှီးမြှုပ်နှံကာ ဓမ္မပညာရေးကဏ္ဍတွင် အရေးပါစွာ ပါဝင်ခဲ့သည်။
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရပြီးနောက် ဘက်စုံကဏ္ဍစုံ အမှုတော်ဆောင်ရန် ရည်မှန်းချက်ဖြင့် Chhuana နှင့် ဇနီးဖြစ်သူတို့သည် ReachMyanmar Ministry ကို တည်ထောင်ခဲ့ကြသည်။ ဤသာသနာလုပ်ငန်းသည် ဒေသခံအသင်းတော်များ၊ ရပ်ရွာခေါင်းဆောင်များနှင့် နီးကပ်စွာ ပူးပေါင်း၍ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး၊ ကလေးသူငယ်ပညာရေး၊ ခေါင်းဆောင်မှုဖွံ့ဖြိုးရေးနှင့် မဟာဗျူဟာမြောက် အသင်းတော်သစ်တည်ထောင်ခြင်း လုပ်ငန်းများကို အဓိကထား လုပ်ဆောင်လျက်ရှိသည်။
၂၀၁၆ ခုနှစ်မှ ယနေ့အထိ Chhuana သည် ကလေးသူငယ်များ၏ ဝိညာဉ်ရေး၊ ပညာရေးနှင့် လူမှုရေးကဏ္ဍများကို ပြုစုပျိုးထောင်ပေးသည့် အကျိုးအမြတ်မယူသော Hope for the New Generation (ကလေးသူငယ်ပံ့ပိုးကူညီရေးသာသနာ) ကို တည်ထောင်၍ ဦးဆောင်လျက်ရှိသည်။ ၂၀၁၇ ခုနှစ်မှစတင်ကာ International Leadership Institute (ILI) Myanmar ၏ ခေါင်း ဆောင်နှင့် သင်ကြားပေးသူအဖြစ် တာဝန်ယူကာ တစ်နိုင်ငံလုံးရှိ သင်းအုပ်ဆရာများနှင့် အသင်းတော်တည်ထောင်သူများကို ပြုစုပျိုး ထောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။
လက်ရှိတွင် Chhuana သည် Asian Access (A3) Myanmar အလုပ်အမှုဆောင်အဖွဲ့တွင်လည်းကောင်း၊ မြစ်ကြီးနားမြို့ရှိ Good Samaritan Leadership School (FGA-Myitkyiana) ၏ ဦးဆောင်မှုအဖွဲ့နှင့်ပူးပေါင်းပါဝင်အမှုဆောင်နေသည်။ သူ၏ အဓိက ရည်မှန်းချက်မှာ ထိရောက်သော အသင်းတော်သစ်တည်ထောင်ခြင်းနှင့် ပြုပြင်ပြောင်းမှုဖြစ်စေသော အမှုတော်များအတွက် မျိုးဆက်သစ်အသင်းတော်ခေါင်း ဆောင်များကို လေ့ကျင့်သင်ကြားပေးရန် ဖြစ်သည်။ လတ်တလောတွင် ၂၀၂၅ ခုနှစ် ငလျင်ဘေး အန္တရာယ်အပြီး မန္တလေးမြို့ရှိ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အသင်းတော်သစ်တည်ထောင်ခြင်းလုပ်ငန်းများကို ဦးဆောင်ကာ ဘေးဒဏ်သင့်ပြည်သူများ၏ လိုအပ်ချက်များတွင် Living Stong Church, Mandalay (FGA-4)အတူတကွ လက်တွဲကာ ရပ်တည်ပေးလျက်ရှိသည်။
Chhuana နှင့် Lunpi တို့သည် ရန်ကုန်မြို့တွင် နေထိုင်ကြပြီး၊ ခေါင်းဆောင်များကို ပြုစုပျိုး ထောင်ရန်၊ ကျန်းမာသော အသင်းတော်များ တည်ထောင်ရန်နှင့် ဧဝံဂေလိတရားတော်အားဖြင့် တစ်နိုင်ငံလုံးရှိ ဘဝများစွာ ပြုပြင်ပြောင်းလာစေရန်အတွက် သစ္စာရှိစွာ ဆက်ကပ်အမှုဆောင်လျက်ရှိသည်။

Chhuana Training Center

ဘုရားသခင်သည် ကျွန်ုပ်တို့၏နှလုံးသားထဲတွင် ခေါင်းဆောင်မှုဖွံ့ဖြိုးရေးအတွက် ပြင်းပြသောစိတ်ဆန္ဒကို ထည့်သွင်းပေးခဲ့သည်နှင့်အညီ၊ ရန်ကုန်မြို့တွင် ကိုယ်ပိုင်သင်တန်းကျောင်းတစ်ခု ပိုင်ဆိုင်နိုင်ရန် နှစ်ပေါင်းများစွာ ဆုတောင်းခဲ့ကြပါသည်။ ဘုရားသခင်သည် သူ၏သစ္စာတော်နှင့်အညီ ဦးစွာ မြေကွက်ကို ပြင်ဆင်ပေးခဲ့ပြီး၊ နောက်ပိုင်း ၂၀၂၂ ခုနှစ်တွင် အဆောက်အဦး ဆောက်လုပ်နိုင်ရန်အတွက် လိုအပ်သည်များကို ထောက်ပံ့ပေးခဲ့ပါသည်။ ဤထောက်ပံ့မှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးမတည်ငြိမ်မှုနှင့် အခြားသော ရှုပ်ထွေးခက်ခဲသည့် အခြေအနေများကြားတွင် ရရှိခဲ့ခြင်းဖြစ်ရာ၊ ဘုရားသခင်သည် မည်သည့်အချိန်ရာသီတွင်မဆို သစ္စာရှိကြောင်း သက်သေထူခဲ့ပါသည်။
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ကိုယ်ပိုင်သင်တန်းကျောင်းကို စတင်အသုံးပြုနိုင်ခဲ့ပါသည်။ ထိုနှစ်မှစ၍ Good Samaritan Leadership School နှင့် ပူးပေါင်းကာ အချိန်ပြည့်အမှုတော်မြတ်အတွက် ဘုရားသခင်၏ ခေါ်ယူခြင်းကို ခံရသူများအတွက် သာသနာပြုလုပ်ငန်းနှင့် ခေါင်းဆောင်မှုသင်တန်းများကို နှစ်စဉ် ပို့ချပေးလျက်ရှိပါသည်။ သင်တန်းဆင်းတို့သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဒေသအသီးသီးတွင် အမှုဆောင်နေကြပြိး အသင်းတော်သစ်တည်ထောင်သူများ၊ သင်းအုပ်ဆရာများ၊ ကျမ်းစာသင် ဆရာများနှင့် အသင်းတော်တွင် အမှုတော်ဆောင်များဖြစ်ကြပါသည်။
ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်တွင် တည်ရှိသော Chhuana Training Center သည် ခေါင်းဆောင်များ သစ္စာရှိစွာနှင့် ထိရောက်စွာ အမှုတော်ဆောင်နိုင်ရန် ပြုစုပျိုးထောင်ပေးသည့် အရေးပါသော နေရာတစ်ခု ဖြစ်လာခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘုရားသခင်၏ သာသနာလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည့် မျိုးဆက်သစ်ခေါင်းဆောင်များကို ပြင်ဆင်ပေးရာတွင် ခေါင်းဆောင်မှုသင်တန်းများသည် ကျွန်ုပ်တို့၏ အဓိကသာသနာလုပ်ငန်းတစ်ခုအဖြစ် ဆက် လက်တည်ရှိနေမည် ဖြစ်ပါသည်။