Who We Are

Committed to planting churches, equipping leaders, and bringing hope to the unreached.

We are committed to planting churches among unreached communities, equipping and empowering indigenous leaders, discipling believers, and caring for women and children—especially those living in underserved and vulnerable contexts.

ရူပါရုံ

ဧဝံဂေလိတရားအားဖြင့် မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုက်အဝန်းများ ပြောင်းလဲလာစေရန်၊ အသင်းတော်များတည်‌ ထောင်ရန်၊ ခေါင်းဆောင်များကို ပြုစုပျိုးထောင်ရန်နှင့် ဘဝများကို ပြန်လည်ထူထောင်ရန်။

လုပ်ငန်းစဉ်

ခရစ်တော်ဗဟိုပြုသော မိတ်ဖက်ဆောင်ရွက်မှုများမှတစ်ဆင့် အသင်းတော်များတည်‌ထောင်ရန်၊ ခေါင်းဆောင်များကို အရည်အချင်းမြှင့်တင်ရန်၊ ယုံကြည်သူများကို တပည့်တော်ဖြစ်စေရန်နှင့် အမျိုးသမီးများနှင့် ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ရန်။

ကျွန်ုပ်တို့၏ အဓိကတန်ဖိုးများ

ခရစ်တော်ကို ဗဟိုပြုခြင်း

သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏ သာသနာလုပ်ငန်း၏ ဗဟိုချက်ဖြစ်ပြီး ကျွန်ုပ်တို့၏ မျှော်မှန်းချက်၊ သတင်းစကားနှင့် အမှုတော်လုပ်ငန်းများကို ပုံဖော်ပေးသူဖြစ်သည်။

သမ္မာကျမ်းစာအပေါ် သစ္စာရှိခြင်း

သွန်သင်ခြင်း၊ ခေါင်းဆောင်မှုဖွံ့ဖြိုးတိုးတက်ခြင်းနှင့် အမှုတော်လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်အားလုံးတွင် သမ္မာကျမ်းစာ၏ အခွင့်အာဏာဖြင့် လမ်းညွှန်မှုကို ခံယူသည်။

ဒေသခံခေါင်းဆောင်မှု

ဒေသခံခေါင်းဆောင်များကို ၎င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုနယ်ပယ်အတွင်း၌ အရည်အချင်းမြှင့်တင်ပေးခြင်းနှင့် လုပ်ပိုင်ခွင့်အပ်နှင်းခြင်းသည်သာ ရေရှည်တည်တံ့သော အကျိုးသက်ရောက်မှုကို ဖြစ်စေသည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။

တပည့်တော်ဖြစ်စေခြင်း

မိမိတို့၏ယုံကြည်ခြင်းအတိုင်း ရှင်သန်နေထိုင်ပြီး အခြားသူများကိုလည်း လက်ဆင့်ကမ်းနိုင်သော ရင့်ကျက်ပြီး နာခံမှုရှိသည့် ခရစ်တော်၏တပည့်တော်များ ဖြစ်လာစေရန် ကျွန်ုပ်တို့ အလေးထားဆောင်ရွက်သည်။

ဂုဏ်သိက္ခာရှိသော ကရုဏာတရား

အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် ဖယ်ကြဉ်ခံရသူများကို မေတ္တာ၊ လေးစားမှု၊ နှင့် ပြန်လည်ထူထောင်ပေးသည့် ဂရုစိုက်မှုများဖြင့် ကျွန်ုပ်တို့ အမှုဆောင်သည်။

ဘက်စုံပြုပြင်ပြောင်းလဲခြင်း

ဧဝံဂေလိတရားသည် လူတစ်ဦးချင်းစီနှင့် လူမှုအသိုက်အဝန်းများကို အသစ်ပြုပြင်ပေးနိုင်သည်ဟု ယုံကြည်သည့်အတိုင်း ဝိညာဉ်ရေးရာနှင့် လက်တွေ့ကျသော လိုအပ်ချက်များကိုပါ ဖြည့်ဆည်းပေးသည်။

မိတ်ဖက်ပြုခြင်းနှင့် တာဝန်ခံမှု

ဘုရားသခင်၏ သာသနာတော်တွင် ပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုးထားပြီး ဖြောင့်မတ်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် သစ္စာရှိသော ဘဏ္ဍာစိုးကောင်းဖြစ်ခြင်းတို့ကို ကျင့်သုံးသည်။